My Blog List

Saturday, March 28, 2015

Sony ဖုန်းများအားလုံး Bootloader Unlock လုပ်နည်းအသစ်လေးပါ

 
မလုပ်ခင် သတိပေးချင်တာက ရှိသမျှ
Data တွေအရင် Backup လုပ်ထားပါ။
အကုန်ပျက်ပါမည်.
ပထမဦးဆုံးအဆင့်အနေနဲ့ Unlock Code တောင်းဖို့အတွက် ဒီကို http://developer.sonymobile.com/unlockbootloader/unlock-yourboot-loader သွားလိုက်ပါ.

 

မိမိတို့ပြုလုပ်မည့်ဖုန်းမော်ဒယ်အမျိုးအစားကိုရွေးပေးပါ. ပြီးလျှင် Continue နှိပ်ပြီးဆက်သွားပါ.

 

မိမိတို့၏ ထည့်ကာ အောက်တွင်အမှန်ခြစ်ပေးပါ။ ပြီးလျှင် Submit နှိပ်ပါ.

 
မိမိတို့ထည့်သွင်းထားသော Email address  သို့ Verify Mail ပို့ပေးမည်ဖြစ်သည်။
မိမိတို့၏ Gmail ထဲသို့သွားလိုက်ပါ.

 

Click here to proceed မှတဆင့် Sony Website သို့ပြန်ဝင်လိုက်ပါ.

 

IMEI -မှာ အခု ကိုယ်လုပ်မဲ့ဖုန်းနဲ IMEI ထည့်ပါ. မသိရင် ဖုန်းခေါ်တဲ့ နေရာသွားပီ *#06# ဆိုပီး နှိပ်ပါ
ကျလာတဲ့ ဂဏန်း ၁၅ လုံးရှိပါတယ် နောက်ဆုံးအလုံးကို ဖြုတ်ပီး ၁၄ လုံးဘဲ ရေးပါမယ်. ပြီးလျှင်အောက်မှ
အမှန်ခြစ် ၂ခုတွင် အမှန်ခြစ်ပေးကာ Submit နှိပ်ပါ.

 

ထိုအဆင့်တွင် Unlock Code ရရှိမည်ဖြစ်သည်.
ကုဒ်ရပြီဆိုလျှင် Bootloader Unlock စလုပ်လို့ရပါပြီ.
ပထမဆုံးဖုန်းကို ပါဝါပိတ်ပါ.
Fastboot folder ထဲသို့ဝင်လိုက်ပါ. ဖုန်းကို Fastboot Mode ၀င်ရန် Phone Model အလိုက် Key တွေထည့်ပေးလိုက်ပါတယ်.

Sony ဖုန်းများအတွက်ပါ 

Fastboot mode:

Menu: ARC (S), NEO (V), PRO

Volume UP (+): MINI (pro), RAY, ACTIVE, Live with Walkman, 

Xperia P, Xperia S, Xperia T, Xperia U, Xperia V, Sola
 
နောက်လာတဲ့ဖုန်းအများစုမှာတော့ fastboot ၀င်နည်းက volume up နဲ့ပါ.
 
မိမိ Model အလိုက်ဝင်ပါ
 
ဖုန်းကို Fastboot အနေအထားဖြင့် ကြိုးထိုးလိုက်ပါ. 
Keyboard မှ Shift+Right Click 
 "Open Command Window Here"
ဒါမျိုးလေးပေါ့.
 
 

Open command window here
 နှိပ်လိုက်ရင် Command ဘောက်လေးကျလာပါလိမ့်မယ်

 

ပေါ်လာတဲ့ command ဘောက်ထဲမှာ   ဒီစာကို Copy ကူးပြီး Paste 
fastboot.exe -i 0x0fce oem unlock 0x ပြီးရင်
 မိမိအကောင့်ထဲပိုလိုက်တဲ့ Code တွေကို Copy ကူးပီး Paste လုပ်လိုက်ပါ 
Enter တစ်ချက်နှိပ်ပါ. 

....
OKAY...
finished.. ပြလျှင် Bootloader လုပ်ခြင်းပြီးဆုံးပါပြီ..

 
 


Tuesday, August 12, 2014

Sony ဖုန်းများ android version 4.4.4 အတွက် မြန်မာစာဖောင့်

 

 Sony ဖုန်းများအတွက် Android version 4.4.4 ထွက်ရှိလာပြီးသည့်နောက် မြန်မာစာအဆင်မပြေဖြစ်နေသူများအတွက် မြန်မာစာအဆင်ပြေအောင် ပြုပြင်ထားတဲ့
.bat ဖိုင်လေးတစ်ခုကို မျှဝေလိုက်ပါတယ်. သက်ဆိုင်သူများအားလုံးကို Credit ပေးပါတယ်.


ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို
Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့.
 ကျေးဇူးတင်ပါတယ်။

Tuesday, June 17, 2014

Sony ဖုန်းများအားလုံး Bootloader Unlock လုပ်နည်းလေးပါ


မလုပ်ခင် သတိပေးချင်တာက ရှိသမျှ
Data တွေအရင် Backup လုပ်ထားပါ။
အကုန်ပျက်ပါမည်

ပထမဦးဆုံးအဆင့်အနေနဲ့ Unlock Code တောင်းဖို့အတွက် ဒီ http://unlockbootloader.sonymobile.com/ ထဲကိုဝင်လိုက်ပါ
အဆင့်ဆင့်သွားပြီး Unlock codeတောင်းလိုက်ပါ
လိုအပ်တဲ့ဖိုင်လေးကိုအောက်မှာအရင်ဒေါင်းပေးပါ.
 
 
ကျွှန်တော်ပုံလေးနဲ ပြထားပါတယ် 
 
 
Start unlocking the boot loader ဆိုတာကို နှိပ်ပါ
 

Continue ဆိုတာကို နှိပ်ပါ

 
Yes,I’m sure ဆိုတာကိုနှိပ်ပါ
 
 

အကွက်လေးနှစ်ခုမှာ အမှန်ခြစ်ပီး I accept ဆိုတာကိုနှိပ်ပါ
 
 
Name -မှာ ကိုယ်လုပ်မယ့်ဖုန်းရဲ့မော်ဒယ်နံပါတ်ထည့်ပါ. (ဥပမာ- Xperia Z ဆိုလျှင် Z လို့ပဲရေးရေး၊ C6602/ C6603လို့ရေးရေး ဘယ်လိုရေးရေးရပါတယ်.)
IMEI -မှာ အခု ကိုယ်လုပ်မဲ့ဖုန်းနဲ IMEI ပါ မသိရင် ဖုန်းခေါ်တဲ့ နေရာသွားပီ *#06# ဆိုပီး နှိပ်ပါ
ကျလာတဲ့ ဂဏန်း ၁၅ လုံးရှိပါတယ် နောက်ဆုံးအလုံးကို ဖြုတ်ပီး ၁၄ လုံးဘဲ ရေးပါမယ်
Email ကတော့ မိမိအသုံးပြုနေတဲ့ Emailထည့်ပေးပီး
Submit ဆိုတာနှိပ်ပါ

 
ခုနတုန်းကထည့်လိုက်တဲ့ အကောင့်ကိုဖွင့်လိုက်ပါ
SonyCommand က Code ပြန်ပို့ထားပါတယ်

 
  
ကုဒ်ရပြီဆိုရင် Bootloader Unlock စလုပ်လို့ရပါပြီ.
ပထဆုံးဖုန်းကိုပါဝါပိတ်ပါ
 
ခုနက ဆွဲလိုက်တဲ့ ဖိုင် zip ဖိုင်ကို ဖြည်ထုတ်လိုက်ပါ 
ဒေါင်းလုပ်ဆွဲထားသော zip ဖိုင်ထဲမှ fastboot_with_All drivers.zip ဖိုင်ကို အရင်ဖြည်ပါ 
FASTBOOT MODE ၀င်ရန် Phone model အလိုက် Key တွေထည့်ပေးလိုက်ပါတယ်
 

Sony ဖုန်းများအတွက်ပါ 

Fastboot mode:

Menu: ARC (S), NEO (V), PRO

Volume UP (+): MINI (pro), RAY, ACTIVE, Live with Walkman, 

Xperia P, Xperia S, Xperia T, Xperia U, Xperia V, Sola
 
နောက်လာတဲ့ဖုန်းအများစုမှာတော့ fastboot ၀င်နည်းက volume up နဲ့ပါ.

မိမိ Model အလိုက်ဝင်ပါ

ခုနက ဒေါင်းလိုက်တဲ့ ဖိုင်ထဲက fastboot with all drivers.zip ကိုဖြည်လိုက်ပါ. 
fastboot with all drivers folder ထဲရောက်အောင်ဝင်ပါ. ရောက်ရင်
ဖုန်းကို fastboot အနေအထားဖြင့် USB ကြိုးထိုးပါ.
Keyboard မှ Shift+Right Click
 
Open command window here
ဒါမျိုးလေးပေါ့
 
 
Open command window here
 နှိပ်လိုက်ရင် Command ဘောက်လေးကျလာပါလိမ့်မယ်

 
ပေါ်လာတဲ့ command ဘောက်ထဲမှာ   ဒီစာကို Copy ကူးပြီး Paste 

fastboot.exe -i 0x0fce oem unlock 0x ပြီးရင်

 မိမိအကောင့်ထဲပိုလိုက်တဲ့ Code တွေကို Copy ကူးပီး Paste လုပ်လိုက်ပါ 
Enter တစ်ချက်နှိပ်ပါ. 

....
OKAY...
finished.. ပြလျှင် Bootloader လုပ်ခြင်းပြီးဆုံးပါပြီ.. 

ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို
Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 
ကျေးဇူးတင်ပါတယ်။

Friday, June 13, 2014

PES 2014 (APK+DATA)

 
 
 
 

PES 2014
2014ဆိုတာထက် 2012ရဲ့updateလို့ပြောရင်ပိုမှန်ပါလိမ့်မယ်
World Cup Brazilလည်းကန်လို့ရပါပြီ အရင်2012ထက်ပိုသွက်ပြီး အစစအရာရာပိုကောင်းလာပါတယ်.
Data ဖိုင်ပါ တစ်ခါတည်းတွဲတင်ပေးထားပါတယ်.


zip password: Misterhero

Credit: Phonemyint Ko(Fb)

ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို
Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 
ကျေးဇူးတင်ပါတယ်။






Angry Bird Epic - APK+DATA

 
Angry Birds အသစ်ထွက်ဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်. 
Data ပါတစ်ခါတည်းပါပြီးသားပါ.


rar password: Misterhero

ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို
Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 
ကျေးဇူးတင်ပါတယ်။

Thursday, May 22, 2014

Sony Smart ဖုန်းများနှင့် Bootloader Unlock ပြသနာ

 

ပြောင်းလဲတိုးတတ်လာသော နည်းပညာများနှင့်အညီ Sony နောက်ပိုင်းထွက် Smart ဖုန်းတော်တော်များများတွင် Android version 4.3, တချို့ဖုန်းများတွင် 4.4.2 အထိ Support ပေးလာပြီဖြစ်သည်. ထိုသို့ version အမြင့်များ
support ပေးလာသည့်နောက်ကွယ်တွင် Service သမားများနှင့် User များအကြားအဓိကကြုံတွေ့ရသောပြသနာမှာ Bootloader unlock လုပ်သည့်ပြသနာဖြစ်သည်.
 Android version 4.3 သို့ရောက်လာသောအခါ ယခင်ကအသုံးပြုခဲ့တဲ့
One Click Root Tool များဖြင့် ပုံမှန် Root ၍မရတော့ပဲ Bootloader unlock လုပ်ပြီးမှသာ Root လုပ်၍ရတော့သည်. Bootloader unlock လုပ်ခြင်းအားဖြင့် ဖုန်းသည် Company မှစတင်ထုတ်လုပ်လိုက်သော အသစ်ဖုန်းကဲ့သို့ ပြန်လည်အသစ်
ဖြစ်သွားပါသည်. ပုံမှန်အားဖြင့်ပြောမည်ဆိုလျှင် Factory Reset ချသကဲ့သို့ဖုန်းတွင်း Internal Memory တွင်ရှိသော Data များအားလုံးပျက်သွားမည်ဖြစ်သည်. ထိုသို့လုပ်ခြင်းသည် ပုံမှန်အသစ်ဖုန်းများတွင်ပြသနာမရှိသော်လည်း ဖုန်းတွင် Online update
လုပ်ပြီး Unlock လုပ်သောဖုန်းများတွင်ပြသနာရှိလာသည်.  အသစ်ဖုန်းကို Reset ချလျှင်ပြသနာမရှိနိုင်သော်လည်း use နေသောဖုန်း
တစ်လုံးကို Reset ချလျှင်တော့ ပြသနာရှိလာသည်. ဖုန်းတွင်းရှိ Message များ၊ Contact များ၊ Memory Card Slot မပါသောဖုန်းများတွင် ရှိသမျှ Photo များပါ အားလုံးပျက်မည်ဖြစ်သည်. အချို့သော user များတွင် အရေးကြီးမှတ်သားထားသော Contact များ၊ Message များ
ပျောက်ဆုံးသွားသောအခါ ပြသနာဖြစ်လာသည်. မြန်မာဖောင့်ထည့်တာအရေးကြီးတာတွေအားလုံး
ပျက်သွားတယ်လို့ပြောကြတယ်.အားလုံးပျက်သွားခြင်းသည် Factory Reset ချလိုက်ခြင်းကြောင့်မဟုတ်ပါ. Unlock ဖြည်လိုက်သောကြောင့်ဖြစ်သည်.  ထို့ကြောင့် version 4.3 နှင့်အထက်ကိုင်ဆိုင်သော User များအနေဖြင့် Unlock မလုပ်မီ မိမိတို့၏ အရေးကြီးသော Data များကို Backup ယူထားကြရန်လိုအပ်ပါသည်. မိမိတို့ကိုယ်တိုင်မယူနိုင်ပါက Unlock လုပ်သူအား အရေးကြီး
Data များရှိပါက သေချာစွာ Backup လုပ်ပေးရန် မှာကြားသင့်သည်. Bootloader Unlock လုပ်ခြင်းကိုမသိရှိသေးသော User များအတွက် ရည်ရွယ်၍ ဤစာကိုရေးရခြင်းဖြစ်ပါသည်. မိမိတို့တွင်အရေးကြီး Data များရှိပါက Backup လုပ်ပေးရန်သေချာမှာကြားပါ. မိမိကဘာမှမပြောခဲ့
သည့်အတွက် Backup ယူမထားသာ Service သမားတွင်အပြစ်မရှိပါလို့မပြောလို့ပါ. Service လုပ်သူကလဲသေချာစွာရှင်းပြရန်လိုအပ်ပါသည်.
သို့ပေမဲ့လူဆိုတာတော့အမှားနဲ့မကင်းနိုင်ပါဘူး. Service သမားများကတစ်နေကုန် ဒီဖုန်းတစ်လုံးပဲလုပ်နေရသူများမဟုတ်ပါ. ထို့ကြောင့်
Service သမားများကသေချာရှင်းမပြမိခဲ့ဘူးဆိုရင်တောင် ဒီစာကိုဖတ်ပြီး မိမိတို့၏ အရေးကြီး Data များကို မဆုံးရှုံးစေရန် မိမိတို့ကိုယ်တိုင် ယူသည်ဖြစ်စေ Service သမားအားသေချာယူခိုင်းသည်ဖြစ်စေ ပြန်လည်ရယူနိုင်ပါသည်. ဤစာကတစ်စုံတစ်ယောက်ကိုအကျိုးပြုတယ်ဆိုရင်ပဲ
ကျွန်တော်ကျေနပ်ပါတယ်. Bootloader Unlock လုပ်ခြင်းကိုမသိရှိသေးသော User များအားလုံးသိအောင် ဒီပို့စ်ကိုများများ Share ပေးကြရန် မေတ္တာရပ်ခံပါတယ်. အားလုံးပဲအဆင်ပြေကြပါစေ.
(စာကြွင်း- ပြသနာ=ပြဿ     နာ)


ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို 

Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 

ကျေးဇူးတင်ပါတယ်။

Tuesday, May 13, 2014

iTunesGo FREE License version LIMITED TIME



"TunesGo" ဆိုတဲ့ Desktop Application လေးက Apple ရဲ့ iDevics တွေကို ကွန်ပျူတာနှင့် ချိပ်ဆက်ပြီး Songs, Videos, Photos အစရှိသည်တို့ကို သွင်းယူတဲ့အခါမှာ iTunes ထက်ပိုမို လွယ်ကူစွာ စွမ်းဆောင်ပေးနိုင်မှာ ဖြစ်လို့ မရှိမဖြစ် ဆောင်ထားရမယ့် application တစ်ခု ဖြစ်ပါတယ်။

"iTunesGo" PC နှင့် ချိပ်ဆက်လိုက်တာနှင့် တစ်ပြိုင်နက် iDevice ထဲမှာရှိနေတဲ့ song, photo, video, TV show, podcast, voice memo နှင့် audiobook အားလုံးကို ဖော်ပြပေးပါလိမ့်မယ်။

အဲဒီနောက်မှာတော့ သင့်စိတ်ကြိုက် PC ထဲသို့ ကူးထည့်ခြင်း၊ PC ထဲကနေ ကူးထည့်ခြင်းတို့ကို လွပ်လပ်စွာ 'Drag and Drop' ပုံစံနဲ့ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ပါပြီ။ 


 
မိမိ PC ရှိသီချင်း၊ ရုပ်ရှင်များ ကူးထည့်ရာတွင် မည်သည့် format ပင်ဖြစ်နေစေ 'iTuneGo' က ပြောင်းလဲ convert လုပ်ပေးသွားပါလိမ့်မယ်။
'iTunesGo' ရဲ့ "Smart Export" feature ကို အသုံးပြုပြီး သင့်ရဲ့ Library ကြီးတစ်ခုလုံးကို export လုပ်နိုင်ပါလိမ့်မယ် (computer ထဲတွင် မရှိသေးသော file များသာ)။  

 
Playlist စိတ်ကြိုက် ဖန်တီးနိုင်ခြင်း၊ ဓါတ်ပုံ အယ်လ်ဘမ်များကို စိတ်တိုင်းကျ စီစဉ်နိုင်းခြင်း၊ file များကို ရှာဖွေနိုင်ခြင်း အစရှိတဲ့ iTunes တွင် လုပ်ရကိုင်ရ ခက်ခဲသော လုပ်ငန်းများကို 'iTuneGo' က အားလုံး အဆင်ပြေအောင် တာဝန်ယူသွားပါလိမ့်မယ်။

'iTuneGo' ကို "Wondershare" က PC/Mac နှစ်မျိုးလုံးအတွက် ထုတ်လုပ်ပေးထားပြီး $49.95 နဲ့ ရောင်းချလျှက်ရှိပါတယ်...
 
iTuneGo ကို Officially FREE ရရှိမည့် မဟာအခွင့်အရေး

'iTuneGo' ကို Registered version အဖြစ် တရားဝင် ရယူချင်တယ် ဆိုရင်တော့ အောက်ပါလင့်ခ် လေးမှာ အမည်၊ email address မှန်ကန်စွာ ဖြည့်စွက်ပြီး ဘေးနားရှိ "Download" ကိုနှိပ်ပြီး ရယူနိုင်ပါပြီ။  

 

Software Activate လုပ်ရမည့် Registration Code ကိုတော့ ဖြည့်စွက်ခဲ့တဲ့ email address ကို ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ် (အကယ်၍ inbox မှာ မတွေ့ခဲ့ပါက Spam folder ထဲတွင်ရှာပါ)။

အစီအစဉ်ပြီးဆုံးရန် ယနေ့မှ စတင်၍ နောက်ထပ် ၅ ရက်သာ(18.05.2014) ကျန်တော့သည့် အတွက် ဒီအခွင့်အရေးကို ရရှိမှာ ဖြစ်လို့ ဤဆောင်းပါးလေးကို မိတ်ဆွေများထံ လက်လှမ်းမီသလောက် ဝေမျှရင်း အမြန်ဆုံးသာ ရယူလိုက်ကြပါ...

>> GoGo iTunesGo FREE <<

Credit: မိုးသိကြား

 
ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို 
Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 
ကျေးဇူးတင်ပါတယ်။

Tuesday, April 29, 2014

Android Version 2.3.3 မှ 4.3 အထိ ထည့်သွင်းနိုင်မည့် Smart GApps APK

ဒီ APK လေးကတော့ Gmail, Talk နဲ့ Google Play Store ထည့်သွင်းဖို့အတွက်ပါ...
Goo.im မှ GApps များကို အခြေခံထားတဲ့အတွက် Error အနည်းဆုံးဖြစ်မှာပါ...

2.3.5-7 အတွက် gapps-gb-20110828-signed.zip
4.0.3-4 အတွက် gapps-ics-20120429-signed.zip
4.1.x အတွက် gapps-jb-20121011-signed.zip
4.2.2 အတွက် gapps-jb-20130812-signed.zip
4.3.0 အတွက် gapps-jb-20130813-signed.zip
တို့ကို သုံးထားပါတယ်...

4.1.1 နဲ့ 4.2.1 တို့မှာမသုံးပါနဲ့... ဒီဗားရှင်းမှာ အဲ့ကောင်တွေ ထည့်မထားပါဘူး... Talk နဲ့အဆင်မပြေရင် Hangouts ပြောင်းသုံးဖို့အကြံပြုချင်ပါတယ်...


ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို 
Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 
ကျေးဇူးတင်ပါတယ်။



Wednesday, April 23, 2014

IOS 7.1.1 for all supported devices

iOS user များအတွက် iOS update 7.1.1 ထွက်ရှိလာပါပြီ. Firmware များကိုအောက်တွင်ရယူနိုင်ပါပြီ.

iPhone:
iPad:
iPod Touch:


ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို 

Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 

ကျေးဇူးတင်ပါတယ်။

Saturday, April 5, 2014

Huawei Official Firmware Latest စုစည်းမှု့ (2)

 
Huawei Official firmware များစုစည်းမှု့(၂) အဖြစ် U-series Model Phone များနှင့် Y-series Model
Phone အချို့ကိုဆက်လက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ.





































ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို 

Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 
ကျေးဇူးတင်ပါတယ်။