My Blog List

Thursday, May 22, 2014

Sony Smart ဖုန်းများနှင့် Bootloader Unlock ပြသနာ

 

ပြောင်းလဲတိုးတတ်လာသော နည်းပညာများနှင့်အညီ Sony နောက်ပိုင်းထွက် Smart ဖုန်းတော်တော်များများတွင် Android version 4.3, တချို့ဖုန်းများတွင် 4.4.2 အထိ Support ပေးလာပြီဖြစ်သည်. ထိုသို့ version အမြင့်များ
support ပေးလာသည့်နောက်ကွယ်တွင် Service သမားများနှင့် User များအကြားအဓိကကြုံတွေ့ရသောပြသနာမှာ Bootloader unlock လုပ်သည့်ပြသနာဖြစ်သည်.
 Android version 4.3 သို့ရောက်လာသောအခါ ယခင်ကအသုံးပြုခဲ့တဲ့
One Click Root Tool များဖြင့် ပုံမှန် Root ၍မရတော့ပဲ Bootloader unlock လုပ်ပြီးမှသာ Root လုပ်၍ရတော့သည်. Bootloader unlock လုပ်ခြင်းအားဖြင့် ဖုန်းသည် Company မှစတင်ထုတ်လုပ်လိုက်သော အသစ်ဖုန်းကဲ့သို့ ပြန်လည်အသစ်
ဖြစ်သွားပါသည်. ပုံမှန်အားဖြင့်ပြောမည်ဆိုလျှင် Factory Reset ချသကဲ့သို့ဖုန်းတွင်း Internal Memory တွင်ရှိသော Data များအားလုံးပျက်သွားမည်ဖြစ်သည်. ထိုသို့လုပ်ခြင်းသည် ပုံမှန်အသစ်ဖုန်းများတွင်ပြသနာမရှိသော်လည်း ဖုန်းတွင် Online update
လုပ်ပြီး Unlock လုပ်သောဖုန်းများတွင်ပြသနာရှိလာသည်.  အသစ်ဖုန်းကို Reset ချလျှင်ပြသနာမရှိနိုင်သော်လည်း use နေသောဖုန်း
တစ်လုံးကို Reset ချလျှင်တော့ ပြသနာရှိလာသည်. ဖုန်းတွင်းရှိ Message များ၊ Contact များ၊ Memory Card Slot မပါသောဖုန်းများတွင် ရှိသမျှ Photo များပါ အားလုံးပျက်မည်ဖြစ်သည်. အချို့သော user များတွင် အရေးကြီးမှတ်သားထားသော Contact များ၊ Message များ
ပျောက်ဆုံးသွားသောအခါ ပြသနာဖြစ်လာသည်. မြန်မာဖောင့်ထည့်တာအရေးကြီးတာတွေအားလုံး
ပျက်သွားတယ်လို့ပြောကြတယ်.အားလုံးပျက်သွားခြင်းသည် Factory Reset ချလိုက်ခြင်းကြောင့်မဟုတ်ပါ. Unlock ဖြည်လိုက်သောကြောင့်ဖြစ်သည်.  ထို့ကြောင့် version 4.3 နှင့်အထက်ကိုင်ဆိုင်သော User များအနေဖြင့် Unlock မလုပ်မီ မိမိတို့၏ အရေးကြီးသော Data များကို Backup ယူထားကြရန်လိုအပ်ပါသည်. မိမိတို့ကိုယ်တိုင်မယူနိုင်ပါက Unlock လုပ်သူအား အရေးကြီး
Data များရှိပါက သေချာစွာ Backup လုပ်ပေးရန် မှာကြားသင့်သည်. Bootloader Unlock လုပ်ခြင်းကိုမသိရှိသေးသော User များအတွက် ရည်ရွယ်၍ ဤစာကိုရေးရခြင်းဖြစ်ပါသည်. မိမိတို့တွင်အရေးကြီး Data များရှိပါက Backup လုပ်ပေးရန်သေချာမှာကြားပါ. မိမိကဘာမှမပြောခဲ့
သည့်အတွက် Backup ယူမထားသာ Service သမားတွင်အပြစ်မရှိပါလို့မပြောလို့ပါ. Service လုပ်သူကလဲသေချာစွာရှင်းပြရန်လိုအပ်ပါသည်.
သို့ပေမဲ့လူဆိုတာတော့အမှားနဲ့မကင်းနိုင်ပါဘူး. Service သမားများကတစ်နေကုန် ဒီဖုန်းတစ်လုံးပဲလုပ်နေရသူများမဟုတ်ပါ. ထို့ကြောင့်
Service သမားများကသေချာရှင်းမပြမိခဲ့ဘူးဆိုရင်တောင် ဒီစာကိုဖတ်ပြီး မိမိတို့၏ အရေးကြီး Data များကို မဆုံးရှုံးစေရန် မိမိတို့ကိုယ်တိုင် ယူသည်ဖြစ်စေ Service သမားအားသေချာယူခိုင်းသည်ဖြစ်စေ ပြန်လည်ရယူနိုင်ပါသည်. ဤစာကတစ်စုံတစ်ယောက်ကိုအကျိုးပြုတယ်ဆိုရင်ပဲ
ကျွန်တော်ကျေနပ်ပါတယ်. Bootloader Unlock လုပ်ခြင်းကိုမသိရှိသေးသော User များအားလုံးသိအောင် ဒီပို့စ်ကိုများများ Share ပေးကြရန် မေတ္တာရပ်ခံပါတယ်. အားလုံးပဲအဆင်ပြေကြပါစေ.
(စာကြွင်း- ပြသနာ=ပြဿ     နာ)


ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို 

Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 

ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment