My Blog List

Monday, July 8, 2013

Facebook အကောင့်လော့ကျရင်ဘယ်လိုပြန်လုပ်ကြမလဲ

 
အခုတစ်လောလူပြောများနေတာက facebook အကောင့်လော့ကျတယ်ဆိုတဲ့စကား။ ခဏခဏကြားနေရတယ်။ အကောင့်လော့ကျတယ်ဆိုတာတော့အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။
အခုနောက်ဆုံး facebook ကအသုံးပြုမယ့် Security နည်းတစ်ခုကတော့ Trusted friends ပါ။ ကိုယ်ယုံကြည်ရတဲ့သူငယ်ချင်း အနည်းဆုံး ၃ယောက်လောက်ကို Trusted friends စာရင်းထဲမှာထည့်ထားရတာပါ။ အကယ်လို့ကိုယ့်အကောင့်လော့ကျခဲ့တယ်၊ password မေ့ခဲ့တယ်ဆိုရင် အဲဒီကိုယ်ရွေးခဲ့တဲ့သူငယ်ချင်းသုံးယောက်ဆီကနေ Security ကုတ်ပြန်ရနိုင်ပါတယ်။ Trusted friends ထည့်ချင်တယ်ဆိုရင်တော့ FB ရဲ့ Account Setting ထဲက Security ထဲမှာထည့်နိုင်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲနဲ့
လော့ကျခဲ့တယ်ဆိုရင်တော့ အရင်တုန်းကစနစ်ကလွယ်ပါတယ်။ သူကအကောင့် profile ပုံတစ်ခုပြပါတယ်။ နာမည်သုံးခုပေးထားပြီး အမှန်တစ်ခုရွေးပေးရပါတယ်။ အဲဒီလို သုံးယောက်လောက်ဖြေနိုင်ရင်ရပါပြီ။ နောက်တစ်နည်းကျွန်တော်ကြုံဖူးတာကတော့ သူငယ်ချင်း ၃ယောက်(ရိုးရိုးသူငယ်ချင်း၊ closed friend၊ Group friend)အဲဒီသုံးယောက်ကိုရွေးရပါတယ်။ ကိုယ်တကယ်အပြင်မှာသိတဲ့သူငယ်ချင်း၃ယောက်ဖြစ်ရပါမယ်။ Facebook ကနေအဲဒီသူငယ်ချင်း ၃ယောက်စလုံးဆီကိုကုတ်တစ်ခုစီပို့ပါလိမ့်မယ်။ ကိုယ်ကအဲဒီသူငယ်ချင်း ၃ယောက်လုံးဆီက ကုတ်သုံးခုရပြီးဝင်မယ်ဆိုရင် အကောင့်ပြန်ရပါပြီ။ နောက်တစ်နည်းတော့ရှိသေးတယ်ဗျ။ ကိုယ့်ရဲ့ Primary email ကိုသိရင်အခုတော့ရတယ်။ နောက်တော့ရမရတော့မသိသေးဘူး။ FB log in မှာ ကိုယ့် email ကိုသေချာမှန်အောင်ရိုက်ပြီး password ကိုအမှားရိုက်ပါ။ အဲဒီလို၅ခါလောက်ရိုက်ပြီးရင်သူက ဆက်ကြိုးစားမလား။ password ချိန်းမလားမေးရင် change ဆိုပြီး Send to my email လုပ်လိုက်ပါ။ အဲဒါဆိုရင်မေးလ်ပို့လာတဲ့လင့်ကနေပြန်ဝင်ပြီးတော့ passoword ချိန်းကာပြန်လည်သုံးစွဲနိုင်ပါပြီ။ကျွန်တော်တစ်ခါစမ်းသပ်ခဲ့တာအောင်မြင်ပါတယ်။ အကယ်လို့ဘော်ဒါတွေအခက်အခဲရှိမယ် အကူအညီလိုမယ်ဆိုရင် misterhero430@gmail.com သို့ Gmail ပို့ကာမေးမြန်းနိုင်ပါသည်။ ပိုကောင်းသည့်နည်းလမ်းများရှိရင် ဆက်လက်ဖော်ပြမည်
ဖြစ်သလို ပိုကောင်းသည့်နည်းလမ်းများကိုဖော်ပြလိုပါကလဲ
အထက်ပါ Email သို့ဆက်သွယ်နိုင်ပါသည်။

ကျေးဇူးတင်တယ်ဆိုရင် Facebook Page လေးကို 
Like လေးလုပ်သွားပေးနော်သူငယ်ချင်းတို့။ 
ကျေးဇူးတင်ပါတယ်။

1 comment:

  1. This comment has been removed by a blog administrator.

    ReplyDelete